Pages

Pages

အောင်လံမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်




MNP ၊ မတ်  ၂၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လ ၁၆ ရက်နေ့မှ စတင်၍ အောင်လံမြို့တရော်ကုန်းရပ်ကွက် အောင်မြေရွှေဝါ အားကစားကွင်းအတွင်း၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်ရာ ကျောင်းသား/သူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။


အဆိုပါနွေရာသီအခြေခံအားကစားသင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ ရိုးရာခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ပြေးခုံပစ် အားကစားနည်းများကို သင်တန်းသား၊ သင်တန်းသူ (၁၃၀) ဦး တက်ရောက်လျက်ရှိကာ သင်တန်းကာလမှာ မတ်လ ၁၆ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး မြန်မာ့သိုင်းအားကစားနည်းအား ဧပြီလ ၁ရက်နေ့မှ ဧပြီ ၃၀ ရက်ထိ ဆက်လက်ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment