Pages

Pages

လီဗာပူးလ်အသင်းရဲ့ ထာဝရ ပရီးယားလိပ်သွင်းဂိုးအများဆုံး ကစားသမားဖြစ်လာတဲ့ ဆာလာ



MNP - မတ်  ၈


လီဗာပူးလ်အသင်း ညာတောင်ပံကစားသမား မိုဟာမက်ဒ် ဆာလာဟာ လီဗာပူးလ်အသင်းအတွက် ထာဝရ ပရီးယားလိပ်သွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့ပါပြီ။ဆာလာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ၇ဂိုး ၊ဂိုးမရှိဖြင့် အနိင်ရခဲ့တဲ့ပွဲမှာ သွင်းဂိုး၂ဂိုးသွင်းယူပြီးနာက် ဂန္ဓာဝင်တိုက်စစ်မှူးဟောင်းကြီး  ရော်ဘီဖောင်လာရဲ့ ၁၂၈ဂိုးနဲ့ အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိပ်သွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်ကာ ၁၂၉ဂိုးဖြင့် စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ 


အဆိုပါ အသက် ၃၀အရွယ် အီဂျစ်သားက“ဒါက အရမ်းထူးခြားပါတယ်။ အိမ်ပြန်မယ်၊ မိသားစုနဲ့ ပျော်ပွဲရွှင်ပွဲလုပ်ပြီး ချာမိုမိုင်းလ် လက်ဖက်ရည်သောက်မယ်” လို့ ပျော်ပျော်ပါးပါး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်






No comments:

Post a Comment