ဖား​ဆောင်းမြို့နယ် ​​​​​​​​​​​​နန်းဟူးကုန်းကျေးရွာ၌ ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖား​ဆောင်းမြို့နယ် ​​​​​​​​​​​​နန်းဟူးကုန်းကျေးရွာ၌ ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်


MNP ၊ မတ်  ၂၁

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါကြိုတင်ကာကွယ်သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်စေတနာ့ဝန်ထမ်းများက ယ​နေ့နံနက်(၈)နာရီက နန်းဟူးကုန်း​ကျေးရွာ၌ အသိပညာ​ပေးနှိုး​ဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ အသိပညာ​ပေး​ဆောင်ရွက်ရာတွင် ပြည်သူများအ​နေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ ပြန်လည်ဖြစ်ပွားလာပြီး မြန်မာနိုင်ငံ၊ ကယားပြည်နယ်အပါအဝင်အခြားနိုင်ငံများတွင် ထပ်မံ​တွေ့ရှိသည့် မျိုးရိုးဗီဇ​ပြောင်းအိုမီခရွန်​ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ​နေထိုင်ကြရန်နှင့် ကာကွယ်​ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှုအပြည့်အဝရရှိ​စေရန် ကာကွယ်​ဆေးထိုးနှံ​ပေးလျက်ရှိရာ ပြည်သူများအ​နေဖြင့် မပျက်မကွက်အကြိမ်​ရေပြည့်ဝစွာ ထိုးနှံ​ပေးကြပါရန် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို အရှိန်အဟုန်မြှင့် ​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။


နန်းသဲနု​အောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)