ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ပဲခူးခရိုင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့်သင် ဆရာ/မများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ပဲခူးခရိုင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့်သင် ဆရာ/မများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ



MNP ၊ မတ်  ၂၁

ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ပဲခူးခရိုင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်နှင့်အလယ်တန်းဆင့်သင် ဆရာ/မများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက နိုင်ငံတစ်နိုင်ငံရဲ့လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေဖို့ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကကျတဲ့အတွက် ပညာရေးမြှင့်တင်ခြင်းဖြင့် ခေတ်မီနိုင်ငံတော် တည်ဆောက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကျောင်းနေအရွယ်ကလေးတိုင်း KG+9 (အခြေခံပညာအလယ်တန်းအဆင့်) ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံလူဦးရေရဲ့(၇၀)ရာခိုင်နှုန်းကျော်သည် ကျေးလက်နေ ပြည်သူများဖြစ်အတွက် ၎င်းတို့ရဲ့လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် လာမဲ့ပညာသင်နှစ်ကစပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ခရိုင်(၅၀)မှာ အထက်တန်းတစ်ကျောင်းစီကို စိုက်ပျိုးရေးမွေးမြူရေးနဲ့ စက်မှုနည်းပညာရပ်တွေကို တွဲဖက်သင်ကြားပေးမှာဖြစ်ပါကြောင်း၊ ကျောင်းသားတွေ၊ မိဘပြည်သူတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ဖို့ ဆရာ/မများက ထပ်ဆင့် အသိပညာပေး သွားကြဖို့ ထပ်မံတိုက်တွန်းမှာကြားလိုကြောင်း၊ ယနေ့ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်ရာမှာ ထူးချွန်ထက်မြတ်တဲ့ လူ့စွမ်းအားအရင်းအမြစ်များဖြစ်တဲ့ အသိပညာရှင် အတတ်ပညာများစွာ လိုအပ်မှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အဲ့ဒီနိုင်ငံရဲ့ ပညာရေး မှီနေပါတယ်။ ဒါကြောင့်အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ထွန်းရေး၊ ပညာရေခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရေးအတွက် နိုင်ငံတော်အနာဂတ် လှပစေဖို့ပညာရေးမှ တာဝန်ရှိသူ အဆင့်ဆင့်နဲ့ ဆရာ/မများ အားလုံးကကြိုးပမ်းပေးကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက်တိုင်းဒေသကြီး ပညာရေးမှူး ဦးစိုးလွင်က ဒီကနေ့ဟာ အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့်သင် ဆရာ/မများ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ တွေရဲ့ အစပထမနေ့လဲဖြစ်သလို မြန်မာတစ်နိုင်ငံလုံးမှာလဲ ခရိုင်အဆင့်မှ ကြီးမှူးပြီး တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမယ့် ပထမနေ့လဲ ဖြစ်ပါတယ်။ အခုလို စွမ်းရည်မြှင့်မွမ်းမံ သင်တန်းတွေ ဖြစ်ပေါ်လာရပုံကိုပြောရမယ်ဆိုရင် ပညာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ဖြစ်သည့် ကျောင်းသား/သူများအားလုံး ၂၁ ရာစု ကျွမ်းကျင်မှုများ ( 21” century Skills )နဲ့ ကိုယ်ရည် ကိုယ်သွေးကျွမ်းကျင်မှု ( Soft Skills )များကို ရရှိအောင် ပညာရေးပြုပြင် ပြောင်းလဲမှုများကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်၍ ပြုပြင်ပြောင်းလဲခဲ့ကြရာ ၂၀၂၃-၂၀၂၄ နွေရာသီကာလတွင် Grade-9 နှင့် Grade-12 အတန်းများကို သင်ရိုးသစ်အဖြစ် ပြောင်းလဲပြီးပါက KG+12 သင်ရိုး ညွှန်းတန်းတစ်ခုလုံးကို ပြောင်းလဲနိုင်တော့မှာဖြစ်ပါတယ်။ ထိုသို့ပြောင်းလဲရာမှာ အထက်တန်း ဆင့်၊ အလယ်တန်းဆင့်နှင့် မူလတန်းဆင့် အဆင့်သုံးဆင့်ရှိ အတန်းတစ်တန်း ချင်းတွင် တာဝန်ယူ သင်ကြားပေးလျက်ရှိသော ဆရာ/မ အသီးသီးတို့ကလဲ ပြောင်းလဲခဲ့သော သင်ရိုးညွှန်းတမ်း၏ အနှစ်သာရများကို မိမိတို့ကိုယ်တိုင်သိရှိကြပြီး စိတ်အားထက်သန်စွာဖြင့် ကျောင်းသား/သူ များအား သင်ရိုးသစ်၏အနှစ်သာရများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ကြရမှာလဲ ဘာသာရပ်များအလိုက် အနှစ်သာရများ၊ နည်းစနစ်များ၊ ဆွေးနွေးတိုင်ပင်အကြံပြုချက်များ၊ တီထွင်ဆန်းသစ်မှုများကို ဆရာ/မများက ခွဲခြမ်းစိတ်ဖြာ သိရှိလိုက်နာဆောင်ရွက်တတ်လာကြစေရန် အခုလိုမွမ်းမံသင်တန်းတွေကို ပြုလုပ်ပေးနေရခြင်းပဲ ဖြစ်ပါတယ်။ သင်တန်းရက်တွေမှာ မိမိတို့ရဲ့ကျန်းမာရေးကို ဂရုစိုက်ကြပါ၊ သင်တန်းက ပေါက်ဖွားလာမယ့် အတွေးအခေါ်၊ အယူအဆ၊ ပူးပေါင်းဆောင်ရွက်မှု၊ လမ်းညွှန် မှတ်သားချက်တွေ အတွေ့အကြုံ အဆက်အသွယ်တွေကို မိမိတို့ကိုယ်တိုင် ကျွမ်းကျင်ပိုင်နိုင်တဲ့ ၂၁ ရာစုရဲ့ ကျွမ်းကျင်မှုများနဲ့ ကိုယ်ရည်ကိုယ်သွေး (Soft Skills) များကို ကျောင်းသား ကျောင်းသူများထံအရောက် ပို့ပေးနိုင်မယ့် ဆရာကောင်း/ဆရာမြတ်များဖြစ်အောင် ကြိုးစားအားထုတ်ကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။


အဆိုပါအခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့်သင် ဆရာ/မများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို(၂၁-၃-၂၀၂၃)မှ(၂၄-၃-၂၀၂၃)အထိ၊ (၄)ရက်ကြာသင်ကြား ဆွေးနွေးမည် ဖြစ်ပြီး အထက်တန်းအဆင့်မှာ နည်းပြ (၁၁၆) ဦး၊ သင်တန်းသား/သူ ( ၂၂၁၆ ) ဦး စုစုပေါင်း(၂၃၃၂ )ဦးနှင့် အလယ်တန်းအဆင့်မှာနည်းပြ(၂၉၃)ဦးနဲ့ သင်တန်းသား/သူ ( ၈၃၀၂ )ဦး စုစုပေါင်း ( ၈၅၉၅ ) ဦး ဝင်ရောက်ဆွေးနွေးသွားကြမှာ ဖြစ်ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)