Pages

Pages

ကံမမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကျင်းပမည့် အ.ထ.က (ကံမ)စာစစ်ဌာနအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ကြည့်ရှုစစ်ဆေး




MNP ၊ မတ်  ၇

မကွေးတိုင်းဒေသကြီး သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူး ကြီးဝင်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကံမမြို့နယ်၌ မတ်လ ၈ ရက်နေ့မှ စတင်ဖြေဆိုမည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်း(ကံမ)စာစစ်ဌာန  ပြင်ဆင်ထားရှိမှုအား  ယနေ့နံနက် ၉ နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထိုသို့စစ်ဆေးရာတွင်  စာမေးပွဲဖြေဆိုသည့်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့များဖြင့် တာဝန်များခွဲဝေချထားမှု၊  မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ကျန်းမာရေးအခက်အခဲများဖြစ်ပေါ်ပါက ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ တာဝန်ချထားမှုတို့ကို တိကျစွာဆောင်ရွက်သွားရန် စာမေးပွဲအခန်းကြီးကြပ်ရေးကော်မတီဝင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးက ဆွေးနွေးမှာကြားခဲ့သည်။


ကံမမြို့နယ်၌ စာစစ်ဌာန(၁)ခုသာရှိပြီး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဘာသာတွဲ(၁)၌ (၆၁)ဦး၊ ဘာသာတွဲ(၂)၌ (၁၄၀)ဦး၊ ဘာသာတွဲ(၇)၌ (၂၄)ဦး ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၂၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုမည့် အခန်း(၈)ခန်းဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။ 


ကျော်ဇေယျဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment