Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆို



MNP ၊ မတ်  ၁၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား အမှတ်(၁) အခြေ ခံ ပညာ အထက်တန်းကျောင်း ၊ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း နှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာန သုံးခု ဖွင့်လှစ်၍ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ ကျင်းပခဲ့လျက်ရှိရာ  ယနေ့ နံနက်ပိုင်းက ရူပဗေဒ ဘာသာရပ်အား ကျောင်းသား/ သူ များ အေးချမ်း စွာ ဖြေဆိုခဲ့ကြသည်။ 


ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့နယ်၌ ဖြေဆိုရန်စာရင်းရှိ ကျောင်သား၊ကျောင်းသူ ၅၃၆ ဦးရှိသည့် အနက်  ယနေ့ ရူပဗေဒ ဘာသာရပ်အား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်သား၊ကျောင်းသူ ၅၂၆ ဦး ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျောင်းသား၊ကျောင်းသူ ၁၆၄ ဦး နှင့် အ.ထ.က တောင် ပြို လက်ဝဲ စာစစ်ဌာန တွင် ကျောင်းသား၊ကျောင်းသူ ၃၈ ဦးစုစုပေါင်း ကျောင်းသား၊ကျောင်းသူ ၇၂၈ ဦးဖြေဆို လျက်ရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၈၄ ဒဿမ ၄၅ ရာခိုင်နှုန်းဖြစ်သဖြင့် ပျက်ကွက် ရာခိုင်နှုန်းမှာ ၁၅ ဒဿမ ၅၅ ရာခိုင်နှုန်း ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment