Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆို



MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယနေ့ မွန်းလွှဲ၁၂ နာရီအချိန် သာသနာ့ ဗိမာန် တော်ကြီးတွင်  သံဃာတော်များက ဖြေဆိုလျက်ရှိကြသည်။   


မောင်တောမြို့နယ် စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲကို သာသနာ့ဗိမာန်တော်၌  နေ့ လယ် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပ လျက်ရှိပြီး  မောင်တောစာဖြေဌာနတွင် စာဖြေသံဃာ ၁၉ ပါး ဖြေဆိုရန် စာ ရင်း သွင်းထားပြီး သံဃာတော် ၁၇ ပါး ဝင်ရောက် ဖြေဆိုလျက်ရှိရာ ၃ မိုင်ပရဟိတဘုန်းတော်ကြီးသင်ကျောင်း ၊မြို့မပရိယတ္တိကျောင်း ၊ ဘင်္ဂလားဒေ့ရှ်ကျောင်း ၊ဝေသာလီ ကျောင်း စသည့်တို့မှ ဆရာတော်ကြီးများက ကြီးကြပ်၍ သက် ဆိုင်ရာ တာဝန်ရှိ သူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ 


အစိုးရ ပါဠိပထမပြန် စာမေးပွဲကို   ဖြေဆို ကြသည့် ပထမ ကြီး တန်း ၊ ပထမလတ်တန်း  စာဖြေ သံဃာ များသည်   ဒွေမာတိကာ ဘာသာရပ် ၊ ပထမငယ်တန်း  စာဖြေ သံဃာ များ သည်   ဘိက္ခု ပါ တိမောက် ဘာသာရပ် နှင့် အခြေပြု မူလ တန်း  စာဖြေ သံဃာ များသည်   ဝိနည်းကျင့်ဝတ် ဘာသာ ရပ် များအား ဖြေဆိုလျက်ရှိကြပြီး အစိုးရပါဠိပထမပြန် စာမေးပွဲ ကို မတ် ၂၈ ရက်နေ့မှ ဧပြီ ၃ ရက်နေ့ အ ထိ ကျင်းပ ပြု လုပ် သွားမည်ဖြစ်သည်။ 


အဆိုပါ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မောင်တော စာဖြေဌာန  မတ် ၂၈ ရက်နေ့ တွင် ပထမ ကြီး တန်း (၂)ပါး၊ ပထမလတ်တန်း(၁)ပါး၊ ပထမငယ်တန်း(၅)ပါး၊ အခြေပြုမူလတန်း(၉)ပါး  စုစုပေါင်း ၁၇ ပါးဖြေဆိုလျက်ရှိပြီး ရာခိုင်နှုန်း အားဖြင့် (၈၉)ရာခိုင်နှုန်း ရှိကြောင်း ခရိုင်သာသနာ့ရေးမှူးရုံးမှ သိရသည်။  


သက်လွင်စိုး ၊အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment