Pages

Pages

သီပေါမြို့၌ အခြေခံပညာကျောင်းများ စနစ်သစ်သင်ရိုး(အထက်တန်း၊ အလယ်တန်းအဆင့်) မွမ်းမံသင်တန်းဖွင့်လှစ်




MNP ၊ မတ်  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉)နာရီက အခြေခံပညာကျောင်းများ စနစ်သစ်သင်ရိုး (အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်) မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းကိုကိုက အရည်အသွေးပြည့်ဝပြီး ထူးချွန်ထက်မြက်သော ဆရာ၊ဆရာမများပေါ်ထွန်းလာစေရန်၊ စနစ်သစ်ပညာရေးတွင်မရှိမဖြစ် သတ်မှတ်ထားသောသင်ကြားရေးစနစ်ကို သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ သင်ကြားမှုစနစ်ကို ပြောင်းလဲသင်ကြားပေးစေရန် သင်ကြားရာတွင် ကျောင်းသားဗဟိုပြုဖြစ်ပြီး လေ့ကျင့်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းများ လက်တွေ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။


သင်တန်းဖွင့်လှစ်ဆောင်ရွက်ရာ၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အတွင်းရှိ အထက်တန်းအဆင့် ဆရာ၊ ဆရာမ(၄၈)ဦးတို့အား နည်းပြ(၅)ဦးဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ဆရာ၊ ဆရာမ(၂၀၀)ဦးတို့အား နည်းပြ(၆)ဦးဖြင့်လည်းကောင်း မတ်လ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ(၄)ရက်တာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ခင်လေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment