MNP - မတ် ၃
ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မအီမြို့ပေါ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မအီမြို့အခြေစိုက် " မိဘဂုဏ်ဆောင် " ကုမ္ပဏီက ငွေကျပ်သန်း ၁၃၇.၈၈၅ ဖြင့် တင်ဒါအောင်မြင်၍ ဆောင်ရွက်ခဲ့သည့် အမှတ်(၄)ရပ်ကွက်ရှိ စံပါယ်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert (၂)စင်းတည်ဆောက်ခြင်း၊ ကမ်းနားလမ်း၊ ဖြတ်လမ်း(၁)ပေါ်တွင် Box Culvert (၄)စင်း တည်ဆောက်ခြင်း၊ အမှတ်(၃)ရပ်ကွက်ရှိ ရုံးတက်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် အမှတ်(၁)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ တောင်ကုတ်မြို့အခြေစိုက် တောင်ကုတ်ရတနာကုမ္ပဏီက ငွေကျပ်သန်း(၁၁၂.၇၄၈)ဖြင့် တင်ဒါအောင်မြင်၍ ဆောင်ရွက်ခဲ့သည့် အမှတ်(၁)ရပ်ကွက်ရှိ ကန်တော်လမ်း အပိုင်း(၂) ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert (၁)စင်းတည်ဆောက်ခြင်း၊ စည်ပင်သာယာရေးအဖွဲ့ရုံးခြံ ရှေ့ဖက်၊ ဘေး(၂)ဖက်အား အုတ် သံပန်းခြံစည်းရိုးကာရံခြင်း၊ တံခါးပေါက်(၂)ခု ပြုလုပ်ခြင်းနှင့် ဆိုင်းဘုတ်(၁)ခုပြုလုပ်ခြင်း စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖော်ပြပါ ကုမ္ပဏီများမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည့် စည်ပင်သာယာရေးအဖွဲ့ ရုံးခြံဝင်းပတ်လမ်း ကွန်ကရစ်ခင်းခြင်း၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကုန် <---> ကျောက်ဖြူလမ်းတွင် ပလက်ဖောင်းပြုလုပ်ခြင်း၊ ထမိန်စိမ်းမတောင်ရှိ အမှိုက်ပစ်ကျင်းသွားလမ်း ကျောက်ချောခင်းခြင်း၊ စည်ပင်သာယာရေးအဖွဲ့ ရုံးခြံအတွင်း ကားဂိုဒေါင်ပြုလုပ်ခြင်း၊ ရန်ကုန် <---> ကျောက်ဖြူလမ်းနှင့် ချက်ဖောက်လမ်းဒေါင့် (ဈေးအနီး)တွင် မြေထိန်းနံရံပြုလုပ်၍ မြေယာရှုခင်းပြုလုပ်ခြင်း၊ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့ ရုံးခြံအတွင်း RCC ရေစင်တည်ဆောက်ခြင်း စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ယခု ဘဏ္ဍာနှစ်တွင် ဌာနမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်း (၆)ခုနှင့် ကုမ္ပဏီမှဆောင်ရွက်ခဲ့သည့် လုပ်ငန်း(၆)ခုတို့ကို ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်က ပြောကြားခဲ့သည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost





No comments:
Post a Comment