ကျွန်းစုမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းစုမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်



MNP ၊ မတ်  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ  ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ (၁၀)နာရီခွဲအချိန်က မြို့နယ်ကျွန်းရတနာအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက (၁၃၈၄)ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ကျွန်းစုမြို့တွင် ယခင်နှစ်များကထက် ပိုမိုစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် သင်္ကြန်ပွဲတော်ကာလအတွင်း ဗဟိုမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစား မဏ္ဍပ်များဖြင့် ပြည်သူများအေးချမ်းပျော်ရွင်စွာဆင်နွဲနိုင်ရေးနှင့်  ယိမ်းအကပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် အစည်းအဝေး ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် လုပ်ငန်းဆောင်ချက်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြကာ ဥက္ကဋ္ဌက ပြန်လည်ပေါင်းစပ်၍ ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)