Pages

Pages

သံတွဲမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေ




MNP ၊ မတ် ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်  သတင်းစကားလက်ကမ်းစာစောင် များကို ယနေ့နေ့လယ်  ၁၂ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသားကျောင်းသူများအား အသိပညာပေး ဖြန့်ဝေပေးခဲ့ကြသည်။


အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွါးကို ဦးလည်မသုန်ထမ်းရွက်ခဲ့ ဆောင်းပါးကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ  မင်းအောင်လှိုင် ၏၂၇-၃-၂၀၂၂ ရက်နေ့(၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ဖိုးလေးလုံးသောင်းကိုကိုရေးသားသည့် “ပြည်သူချစ်တဲ့ တပ်မတော်” ကဗျာ၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်၊ ဗိုလ်ချုအောင်ဆန်း      ၁၃-၇-၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင်ကျင်းပသော ပြည်သူ့ အစည်းအဝေး၌ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ တပ်မတော်၏အား (၁၀)ပါးနှင့် ကာတွန်း၊ ဆောင်ပုဒ် တို့ကို ကျောင်းသား/ သူများ သိရှိနားလည်ပြီး  အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် ပြည်ထောင်စု စိတ်ဓာတ်များ ထက်သန်လာစေရန်ရည်ရွယ်၍အခမဲ့  ဖြန့်ဝေပေးခဲ့သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment