Pages

Pages

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာ‌ရေးစောင့်ရှောက်မှုများ(အခမဲ့)ဆောင်ရွက်ပေး


MNP ၊ မတ်  ၂၂

ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၃၄) ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ချက်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ‌ကျော်မိုးက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ် အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးကောင်းမွန်စေ‌ရေး၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာ စစ်‌ဆေးကုသနိုင်‌ရေး၊ ကျန်းမာရေးဆိုင်ရာများကို သိရှိနားလည်ပြီး ကျန်းမာ‌ရေးကောင်းမွန်စွာ နေထိုင်သွားနိုင်စေရေးတို့အတွက် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား လစဉ်(၂၁)ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက် ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။


အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်‌မှုပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးပေးခြင်းစသည့် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ဆေးဝါးနှင့်ကုသခြင်းများကို (အခမဲ့ )ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment