MNP ၊ မတ် ၁၇
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်)မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန် မြို့နယ်ခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်လာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ၊ သင်္ကြန် အကြိုနေ့တွင် နံ့သာသွေးပြိုင်ပွဲ နှင့်ဘုရားရေသပ္ပါယ်ခြင်းများကိုဆောင်ရွက်သွားမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲများကျင်းပခြင်း၊ တေးဂီတများဖြင့်ဖျော်ဖြေခြင်း၊ ရေကစားမဏ္ဍပ်တွင် ရခိုင်ရိုးရာအစဉ် လာမပျက်လောင်းလှေများဖြင့် ရေကစားခြင်းများနှင့် သင်္ကြန်ပွဲတော်ဖွင့်ပွဲ ၊ ပိတ်ပွဲများ ကိုလည်း စည်ကား
သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြီးနောက် အစည်းအဝေးသို့ တက်ရောက် လာကြ သည့်ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်မြို့မိ ၊ မြို့ဖများက မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင် ရေး ဆွေးနွေး ကြသည်။
တောင်ကုတ်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မြို့မိ ၊ မြို့ဖများက ကော်မတီများ ဖွဲ့စည်း၍ သင်္ကြန်ပွဲတော် ဖွင့်ပွဲ ၊ ပိတ်ပွဲ များပြုလုပ်ခြင်း ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုယိမ်းအဖွဲ့များဖြင့် ကပြဖျော် ဖြေခြင်း၊ ဆုများချီးမြှင့်ခြင်း ၊သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ရေကစားခြင်းတို့ဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment