Pages

Pages

ကာဗာရာစခီးလီးယားကို အသင်းကနေ အလျင်စလိုမထွက်ခွာဖို့ တောင်းဆိုခဲ့တဲ့ နာပိုလီ



MNP - မတ်  ၅


နာပိုလီအသင်းရဲ့  လူငယ်ကြယ်ပွင့် တောင်ပံကစားသမားလေး ခါဗီချာ ကာဗာရာစခီးလီးယား၏အေးဂျင့်ဖြစ်သူက အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး “နာပိုလီဒါရိုက်တာက ကျွန်တော့်ကို အလျင်စလိုမလုပ်ဖို့ပြောပါတယ်၊ ကာဗာရာက နာပိုလီက အရာအားလုံးကို သဘောကျပါတယ်” လို့ ပြောကြားခဲ့ပါတာဖြစ်ပါတယ်။


ဆက်လက်ပြီး ကာဘာရာစခီးလီးယား၏အေးဂျင့်ဖြစ်သူက  “သူ့အဖေနဲ့ကျွန်တော်က ဘာစီလိုနာပရိသတ်တွေပါ၊ ဒါပေမယ့် ကာဘာရာက ရီးယဲလ်မက်ဒရစ်ကို ချစ်တယ်။ သူ ဘာစီလိုနာအင်္ကျီဝတ်ထားတာတွေ့ရင် ကျွန်တော်ပျော်မိမှာပါ ဒါပေမယ့် သူက ရီးရဲလ်မက်ဒရစ်ပရိတ်သတ်ဗျ ” လို့ပြောကြားခဲ့တယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment