Pages

Pages

ကျောက်ပန်းတောင်းမြို့နယ်တွင် ကြက်သွန်စိုက်ခင်းများ စတင်နှုတ်သိမ်း



MNP ၊ မတ်  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည် အနီးပတ်ဝန်းကျင် ကျေးရွာများ၌ ကြက်သွန်စိုက်ခင်များ စတင်နှုတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။


ကြက်မောက်တောင်ဆည် အနီးဝန်းကျင်ကျေးရွာများတွင် ကြက်သွန်စိုက်ခင်းများကို သီတင်းကျွတ်လတွင် စတင်ပျိုးထောင်ပြီး နတ်တော်လတွင် ရွှေပြောင်းစိုက်ပျိုးကြ၍ ရွှေ့ပြောင်စိုက်ပျိုးပြီး ရက်ပေါင်း (၉၀)မှ (၁၀၀) အတွင်း စတင်နှုတ်သိမ်းကြကြောင်း သိရသည်။ ယခုအခါတွင် မထမဦးစွာစိုက်ပျိုးထားသူများမှာ စတင်နှုတ်သိမ်းနေပြီး အချို့နောက်ကျသူများမှာ ယခုချိန်ထိ ရေပေးနေရကြောင်း သိရသည်။ ယခုလို ကြက်သွန်နှုတ်သိမ်းချိန်တွင် နေ့စား အငှားလိုက်သူများမှာ  တစ်နေ့ငှားခ (၅၀၀၀) ကျပ်ရရှိပြီး အိမ်တစ်အိမ်း၌ လူသုံးယောက်ရှိပါက တစ်ရက်လျင် (၁၅၀၀၀) ကျပ်ထိ ပုံမှန်ဝင်ငွေရရှိကြ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ကြက်သွန်စျေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်နှုန်းမှ (၁၂၀၀) ကျပ်နှုန်း အထိရှိကြောင်း သိရသည်။ အချို့ကြက်သွန်စိုက်တောင်များမှာ စတင်နှုတ်သိမ်းပြီးချိန်၌ ရောင်းချကြသလို အချို့မှာ နောက်ပိုင်းကာလ စျေးကောင်းသည့်အချိန်ထိ စောင့်၍ ရောင်းချကြကြောင်း သိရသည်။ ကြက်မောက်တောင်ဆည်အနီးကျေးရွာများမှ ထွက်ရှိသော ကြက်သွန်များကို ကျောက်ပန်းတောင်းမြို့နယ်တွင် အဓိက ရောင်းချကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment