(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ နောင်ကျောက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ နောင်ကျောက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်


MNP ၊ မတ်  ၂၁

(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ နောင်ကျောက်လမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား စာပေနှင့်ယာဉ်ကျေးမှု အဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် နောင်တုံကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးက နောင်ကျောက်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက်  တိုင်းမှူးက ကွန်ကရစ်လမ်း အလှူရှင် ထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး အလှူရှင်က နောင်ကျောက်လမ်းဆိုင်ရာ အချက် အလက်များကို မြို့နယ်စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ် စည်ပင်သာယာရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကွန်ကရစ် လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းဖောက်လုပ်ထားရှိမှု အခြေအနေများအား ကြည့်ရှုကြသည်။

အဆိုပါ ကွန်ကရစ်လမ်းမှာ အရှည် ၁၉၅၀ ပေ၊ အကျယ် ၃၀ ပေ၊ ထု ၉ လက်မ ရှိပြီး ကွန်ကရစ်လမ်းအမျိုးအစားဖြစ်ကာ နောင်တုံဆောက်လုပ်ရေးကုမ္ပဏီမှ ငွေကျပ် ၅၅၈၉ သိန်းကျော်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)