Pages

Pages

ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ခင်းကျင်းပြသဆောင်ရွက်ခဲ့ရာ ပြည်သူများစိတ်ပါဝင်စားလေ့လာကြည့်ရှု


MNP ၊ မတ်  ၂၀

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအသိပညာများတိုးပွားစေရေး၊ ရှောင်ရှားသင့်သည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အချိန်တိုအတွင်း သိမှတ်နိုင်စေရန်နှင့် စာအုပ်စာပေဖတ်ရှုမှုတိုးတက်စေရန် ရည်ရွက်ချက်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ခင်းကျင်းပြသ ခဲ့ကြောင်း သိရသည်။


အဆိုပါပြပွဲတွင် မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကိုပြသခဲ့ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်များအား ခင်းကျင်းပြသခဲ့ရာ ပြည်သူများက နံရံကပ်စာစောင်ပါ အချက်အလက်များနှင့် စာအုပ် စာစောင်များအား စိတ်ပါဝင်စား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။


ချစ်စုဝေ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment