Pages

Pages

တိုက်စစ်မှူး ဟယ်ရီကိန်းကို အနားယူတဲ့အချိန်အထိ အသင်းမှာသာ ဆက်လက်နေစေလိုတဲ့ စပါး


                 

 

MNP - မတ်  ၁၇


တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ အန်တိုနီယို ကွန်တီက တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး “အသင်းအနေနဲ့ကတော့ ဟယ်ရီကိန်းရဲ့ ကစားသမားဘဝတစ်လျှောက်လုံး အသင်းမှာ ပါဝင်စေချင်တာ သေချာပါတယ်၊ ဘောလုံးဆိုတာ  တစ်ခါတရံမှာ ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့ အရာမျိုးဆိုတာ ခင်ဗျားတို့လည်း သိမှာပါ၊ဒီဆုံးဖြတ်ချက်တစ်ခုချဖို့က ကျွန်တော့်ရဲ့အခန်းကဏ္ဍမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး အန်တိုနီယို ကွန်တီက “ဒါက ကလပ်အသင်းနဲ့ ဟယ်ရီတို့ ချမှတ်ရမယ့် ဆုံးဖြတ်ချက်တစ်ခုပါပဲ” လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်


                                



No comments:

Post a Comment