Pages

Pages

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် လွတ်မြောက်ရေး တင်ပြရန် မိတ္ထီလာတွင် စုပေါင်းလက်မှတ်ရေးထိုး





MNP ၊ မတ် ၂၁

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် လွတ်မြောက်ရေး တင်ပြရန် မိတ္ထီလာတွင် အမျိုးသားရေးဆရာတော်များ ဦးဆောင်၍ စုပေါင်းလက်မှတ်ရေးထိုးမှုကို ယနေ့ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလက်မှတ်ရေးထိုး လှုပ်ရှားမှုကို အမျိုးသားရေးဆရာတော်များက ဦးဆောင်၍ ဦးစိုးထွန်ရှိန် အား စွဲဆိုထားသောအမှုနှင့် ပတ်သက်၍ အမြန်ဆုံးစစ်ဆေးဆောင်ရွက်ပေးရန်နှင့် အမြန်ဆုံးလွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ရန် တင်ပြတောင်းဆိုနိုင်ရေး လက်မှတ်ကောက်ခံမှုများ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

၁၉-၃-၂၀၂၃ ရက်နေ့ က ဦးစိုးထွန်းရှိန် လွတ်မြောက်ရေး လက်မှတ်ကောက်ခံမှုကို နေပြည်တော်၊ လယ်ဝေးမြို့တွင် ကျင်းပခဲ့ပြီး ရန်ကုန်နှင့် အခြားမြို့နယ်များတွင်လည်း လက်မှတ်ကောက်ခံမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost





No comments:

Post a Comment