ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး




MNP ၊ မတ်  ၁၈

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း ကွန်ကရစ် လမ်းသစ်အား ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါ ကွန်ကရစ်လမ်းသစ်မှာ အိမ်မဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာ ရန်ပုံငွေ  (၂၀ ဒသမ ၀၈၆၅၅) သန်းဖြင့် လမ်းအရှည် (၃၀၀)ပေ၊ အကျယ် (၂၅)ပေ၊ ထု (၈)လက်မရှိပြီး အိမ်မဲမြို့နယ် အတွင်း ပြည်သူလူထုအကျိုးပြု အားထားရမည့်လမ်းဖြစ်ကြောင်း သိရသည်။


ဆက်လက်ပြီး မင်္ဂလာအချိန်ကျရောက်သည့် အခါ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူး ကြီးတင်ဇော်ထွန်းတို့က ဗိုလ်ချုပ်အောင်ဆန်းလမ်း ကွန်ကရစ်လမ်းသစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


ထို့နောက် လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်အဖြစ် အိမ်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ သန်းဌေးမှ ဝန်ကြီးချုပ်ထံသို့ ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ သည်။


အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင် များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နေ ပြည်သူလူထုများ စုစုပေါင်းအင်အား(၃၀၀)ဦးခန့် တက်ရောက်ခဲ့သည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost



No comments:

Post a Comment