Pages

Pages

ကွင်းလယ်လူ ပေါ့ဂ်ဘာကို စာချုပ်ဖျက်သိမ်းမယ်ဆိုတဲ့ ကောလဟလတွေကို ငြင်းဆန်ခဲ့တဲ့ ဂျူဗင်တပ်စ်



MNP - မတ် ၁၇


ဂျူဗင်တပ်စ်အသင်းဒါရိုက်တာ ကယ်လ်ဗိုက ကာလရှည်ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်ကစားသမား  ပေါ့လ် ပေါ့ဂ်ဘာကို စာချုပ်ဖျက်သိမ်းမယ်ဆိုတဲ့ ကောလဟလတွေနဲ့ပတ်သက်ပြီး “ကျွန်တော်တို့ ပေါလ်ပေါ့ဂ်ဘာကို ဖယ်ရှားပစ်မှာ မဟုတ်ပါဘူး၊ ဒီဇာတ်လမ်းတွေက လုံးဝအတုအယောင်တွေပါပဲ” လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ကယ်လ်ဗိုက “ဂျူဗင်တပ်စ်ဟာ မိသားစုတစ်ခုပါ၊ ပေါလ် အမြန်ဆုံးပြန်လာနိုင်ဖို့ သူ့အစွမ်းကုန်ကြိုးစားနေတာကို ကျွန်တော်တို့မြင်ရပါတယ်၊ကျွန်တော်တို့  ပေါ့ဂ်ဘာကို အမှန်တကယ်ယုံကြည်ပါတယ်။၊ ဒါကြောင့်လည်း လေးနှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ" လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment