Pages

Pages

ရွှေတောင်မြို့နယ် ၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ စတင်ဖြေဆို




MNP ၊ မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲ ပထမနေ့ ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပ၊ ဘိက္ခုပါတိမောက်ဘာသာ/ ဓမ္မပဒ၊ ဒွေမာတိကာ ဘာသာ/ဓမ္မပဒ ဘာသာရပ်ကို ဖြေဆိုခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်းရှိသာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။


         အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် စာရင်းရှိ (၆၄)ပါးရှိပြီး ပထမကြီးတန်း ရှင်ရဟန်း (၁၃)ပါး၊ ပထမလတ်တန်း ရှင်ရဟန်း (၁၀)ပါး၊ ပထမငယ်တန်း ရှင်ရဟန်း (၁၃)ပါး၊ အခြေပြု မူလတန်း ရှင်(၁၉)ပါး၊  စုစုပေါင်း( ၅၅)ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။ ပါဠိပထမ ပြန်စာမေးပွဲ ကျင်းပရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊တက်ရောက်ပြီး မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ သြဝါဒစရိယ ဆရာတော်များ၊ မြို့နယ်စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်များနှင့် အဖွဲ့ဝင်များမှကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။


          စာဖြေကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေရဟန်း၊ သာမဏေ၊သီလရှင်များ ဆွမ်း ၊ကွမ်း၊ဝေယျာဝစ္စများ ပြည့်စုံစေရေး စီမံဆောင်ရွက်ပေးခြင်း၊ စာဖြေသံဃာတော်များ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး လိုအပ်သော လုံခြုံရေးအစောင့်အရှောက်များနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment