Pages

Pages

ရွှေတောင်မြို့၌ နွေရာသီအားကစားသင်တန်းဖွင့်လှစ်





MNP ၊ မတ်  ၁၄

 ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီ အားကစားသင်တန်းကို မတ် ၂ ရက် နံနက်ပိုင်းမှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


 နွေရာသီအားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အားကစားကို ပိုမိုစိတ်ပါဝင် စားလာစေရန်၊ မျိုးဆက်သစ်အားကစား လူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်နှင့် နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်းလုပ်ငန်းကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် နွေရာသီအားကစားသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့်  အားကစားနည်း (၅)မျိုးဖြစ်သည့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ရိုးရာခြင်း၊ မြန်မာ့သိုင်း၊ လက်ဝှေ့နှင့် အေရိုးဗစ်( Fitness Dance )အားကစားနည်းအလိုက် စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ မြို့နယ်အားကစားမှူး ဒေါ်ခင်နုနုဖြိုးက  ရှင်းလင်းကြားခဲ့သည်။


အဆိုပါ နွေရာသီ အားကစားသင်တန်းကို အထက(ခွဲ) ကံသုံးဆင့်၊ အလက(ခလရ-၁၄)နှင့် မြို့နယ်အားကစားခန်းမတို့တွင် ဖွင့်လှစ်ပေးလျက်ရှိရာ  သင်တန်းသား သင်တန်းသူ  (၃၁၀) ဦးခန့်တက်ရောက်ကြပြီး  သင်တန်းကာလမှာ မတ်လ ၂ ရက်မှ  ၁၅ ရက် ထိဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment