Pages

Pages

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃ခုနှစ် ပါဋ္ဌိပထမပြန် စာမေးပွဲ(ဒုတိယ)နေ့ ဆက်လက် ဖြေဆို





MNP ၊ မတ် ၂၉

      မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင်ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနမှ ပြုလုပ်သော အစိုးရ ဓမ္မာစရိယနှင့် ပါဌိပထမပြန်စာမေးပွဲအား မတ်လ ၂၉ရက် နေ့လည် ၁၂ နာရီတွင်ကျိုက်ထိုမြို့နယ် သာသနာ့ဗိမ္မာန်၌ဆက် လက်ကျင်းပခဲ့သည်။


       အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကျိုက်ထိုမြို့နယ်သာသနာ့ဗိမာန်၌၊ မဟာမရမ်းချိုကျောင်းတိုက် ဆရာတော် ဘဒ္ဓန္တ အာစာရ (နိုင်ငံတော်သံဃမဟာနယက အဖွဲ့)နှင့် ကျိုက်ထိုမြို့ သာယာကုန်းကျောင်းတိုက်ဆရာတော် ဘန္ဓန္တ ပညာသာမိ (မြို့နယ်သံဃနာယက ဉက္ကဌဆရာတော်) နှင့် ဆရာတော် (၁၀)ပါးတို့မှလည်းကောင်း၊ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့ အမှတ်(၄)ရပ်ကွက် ဘုရားကြီးလမ်း၊မြသိန်းတန်ဘုရားကျောင်းတိုက်ရှိ မြသိင်္ဂီသာသနာ့ဗိမာန်တော်ကြီး၌ ဓမ္မဒူတ (ရေကျော်) ကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တသီရိနန္ဒာ နှင့်ဆရာတော် ၉ ပါးတို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြရာ အဆိုပါစာဖြေဌာန (၂)ခု၌ ပထမကြီးတန်းအား စာရင်းပေးသွင်းသံဃာ(၂၆)ပါး မှလာရောက်ဖြေဆိုကြပြီးပထမလတ်တန်းတွင်သံဃာ(၃၃)ပါးအနက်(၃၂)ပါးလာရောက်ဖြေဆို၍  ပထမငယ်တန်းတွင်စာရင်းပေးသွင်းသံဃာ/သာမဏေ (၇၂)ပါး အနက် ဖြေဆို(၆၄)ပါး အခြေပြုမူလတန်းတွင် စာရင်းသွင်းသာမဏေ(၁၃၃)ပါး အနက်ဖြေဆို(၁၀၅)ပါး တို့မှဖြေဆိုခဲ့ကြောင်းမြို့နယ်သာသနာရေးဦးစီးဌာနမှသိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment