Pages

Pages

လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းကနေ လုံးဝထွက်ခွာမှာမဟုတ်တဲ့ ကွင်းလယ်လူ ဖရန့်ကက်စီ



MNP - မတ် ၂၈


ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဖရန့်ကက်စီရဲ့ အေဂျင့်စီက ကစားသမားဖြစ်သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး "ကစားသမားနဲ့ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်က အတူတူပါပဲ၊ ကက်စီရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အပြောင်းအရွှေ့တွေကို ကျွန်တော်တို့ ငြင်းဆိုထားပါတယ်၊ ဒါပေမယ့် ကောလဟလသတင်းတွေက စိတ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ကစားသမားရဲ့ အေဂျင့်စီက"လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကက်စီက ဘာစီလိုနာက မှာ ထွက်ခွာနိုင်ခြေဟာ မြွေတစ်ကောင်ဟာ  ခြေထောက်တွေ ရုတ်တရက်ထွက်လာမယ်လို့ မျှော်လင့်တာနဲ့ အတူတူပါပဲ" လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ် 






No comments:

Post a Comment