MNP - မတ် ၃
လီဗာပူးလ်အသင်းရဲ့ အဓိကဗဟိုခံစစ်မှူး ဗာဂျယ်လ် ဗန်ဒိုက်ခ်က အသင်းနည်းပြ ယာဂင်ကလော့ပ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး “ဟုတ်ပါတယ်၊ ကလော့ပ်က အသင်းရဲ့နည်းပြဖြစ်ပြီး ဒါက မပြောင်းလဲပါဘူး။ သူနဲ့ကျွန်တော် လက်တွဲရတာ အရမ်းကို ပျော်ပါတယ်၊ သူကိုယ်တိုင်ကလည်း လီဗာပူးမှာ အရမ်းပျော်နေပါတယ်" လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဗာဂျယ်လ် ဗန်ဒိုက်ခ်က LFC က "ဒီထက်ကောင်းတဲ့ အချိန်တွေ ထပ်ရောက်လာမယ်လို့ မျှော်လင့်ပါတယ်၊ ဒါက ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အရာပါပဲ" လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment