Pages

Pages

အဓိက ကစားသမားတွေရဲ့ စာချုပ်သစ်ကိစ္စနဲ့ ပြောကြားခဲ့တဲ့ အာဆင်နယ်နည်းပြ မီခဲလ် အာတီတာ



MNP - မတ်  ၆


အာဆင်နယ်အသင်းနည်းပြ မီခဲလ် အာတီတာက အဓိက ကစားသမားတွေရဲ့ စာချုပ်သစ်ကိစ္စနဲ့ပတ်သက်ပြီး ဘူကာယို ဆာကာနှင့် ဝီလီယံ ဆလီဘာတို့နဲ့ ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေကြောင်း အတည်ပြုခဲ့သည်။


အာဆင်နယ်အသင်းနည်းပြ မီခဲလ် အာတီတာက "ကျွန်တော်တို့ စာချုပ်အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနေပါတယ်၊ ဒါပေမယ့် ကျွန်တော် အာရုံထွေပြားတာမျိုး မဖြစ်စေချင်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး မီခဲလ် အာတီတာက "တစ်ခုခု ပြီးမြောက်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ သတင်းကောင်းကို ကြေညာမှာပါ"လို့ ထပ်လောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment