Pages

Pages

လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်


MNP   -   မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့တွင် မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အကြို လှုပ်ရှားမှုအနေဖြင့် လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာ၀န် ဒေါက်တာ ဝိုင်းအောင် ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က လဟယ်မြို့နယ် ညှင်ရှောင်ကျေးရွာသို့ ကွင်းဆင်းပြီး ကလေး‌၊ လူကြီး လူနာ စုစုပေါင်း (၁၈၇)ဦးအား ကျန်းမာရေစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် ကျန်းမာရေးအသိပညာပေးလုပ်ငန်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှု၊ သားဆက်ခြား နည်းစသော အသိပညာပေးလုပ်ငန်းများကို အသိပညာပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကို လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုကွင်အလိုက် ကွင်းဆင်းဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment