Pages

Pages

သံဖြူဇရပ်မြို့နယ်၌ အမျိုးသမီးများအား အကြမ်းဖက်မှု / လူကုန်ကူးမှုများမှ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ


MNP   -   မတ် ၁

မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးများအား အကြမ်းဖက်မှု / လူကုန်ကူးမှုများမှ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေ့ဦးစွာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသမီးများ လူကုန်ကူးမှုများနှင့် အကြမ်းဖက်မှုများကိုကြည့်လျှင် စီးပွားရေးအဆင်မပြေမှုများကြောင့်လည်းကောင်း၊ မိသားစုအခက်အခဲများကြောင့်လည်းကောင်း အိမ်တွင်းအကြမ်းဖက်မှုများကြားသိနေရ၍ ဖြစ်စဉ်များဖြစ်ပွားမှု လျှော့နည်းစေရန်ရည်ရွယ်၍ ယခုလိုဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်စိုးမိုးက လူကုန်ကူးမှုဖြစ်စဉ်များနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များအားရှင်းလင်းပြောကြားပြီး ဥပဒေပုဒ်မနှင့် ပြစ်မှု ပြစ်ဒဏ်များကို ပြောကြားသည်။


ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment