Pages

Pages

သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောကြားခဲ့တဲ့ အေဂျက် ဗဟိုခံစစ်မှူး တင်ဘားရ်



MNP - မတ်  ၉


အေဂျက်အသင်း ဗဟိုခံစစ်ကစားသမား ဂျူရီယန် တင်ဘားရ်က သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး “အပြောင်းအရွှေ့လား၊ ကမ်လှမ်းမရှိရင် ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး၊ ဒီနှစ်နွေရာသီမှာ ကျွန်တော့်ရဲ့ရွေးချယ်ခွင့်တွေကို ကြည့်ပြီး ဆုံးဖြတ်ချက်ချသွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဂျူရီယန် တင်ဘားရ်က “ကျွန်တော် အေဂျက်မှာ ကောင်းကောင်း ခံစားချက်တွေရနေပါတယ်၊ အဲဒါက အခု အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက စိတ်ဝင်စားမှုတွေ ရှိခဲ့ပေမယ့် အေဂျက်မှာ ဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment