Pages

Pages

တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Youth Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ




MNP ၊ မတ်  ၂၀

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Youth Club အသင်းများနှင့်ပူးပေါင်း၍ စာရေးသူ အိအိမော် (ယဉ်ကျေးမှု) ရေးသားထားသော “ပြတိုက်ကပြောသော တိုင်းရင်းသား ယဉ်ကျေးမှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။


စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုက်ကြီးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က မျိုးဆက်သစ်လူငယ် လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဖတ်ရှုထားသည့် စာပေအသိများအား ပြန်လည်မျှဝေ ပေးနိုင်ရန်နှင့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို သိရှိနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများကို ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး “ပြတိုက်ကပြောသော တိုင်းရင်းသားယဉ်ကျေးမှု” စာအုပ်မှ ပြတိုက်၏အဓိပ္ပါယ်နှင့် ဖြစ်ပေါ်လာပုံသမိုင်းအား ဖတ်ကြားဆွေးနွေးသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club အသင်းဝင်များနှင့် Youth Club အသင်းဝင်များက ကချင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်နှင့် ကချင်ရိုးရာ ဓလေ့ပြခန်းများ၊ ကချင်ပြည်နယ်သမိုင်းနှင့် ကချင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်အကြောင်း သိကောင်းစရာများကို ဖတ်ကြားကာ အပြန်အလှန် ဆွေးနွေးကြသည်။


အဆိုပါ စာဖတ်ဝိုင်းများကို လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာဖတ်ပရိသတ်များ၊ စာပေချစ်မြတ်နိုးသူများအသင်း Book Club ၊ Youth Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စန်းကလျာခိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment