ကျိုက်လတ်၌ Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်လတ်၌ Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ




MNP ၊ မတ်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၁၀)နာရီက  Book  Club  နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ "အမှန်တရားကိုမြတ်နိုးသူ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေအကြောင်း အရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book  Club  အဖွဲ့ဝင် ဒေါ်လှလှမြင့် က ''အမှန်တရားကို မြတ်နိုးသူ" ဆောင်းပါး နှင့် Book  Club  အဖွဲ့ဝင် မအိအိခိုင် က ''ပျော်ရွှင်ခြင်းလက်ဆောင်"ဆောင်းပါးတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ဆောင်းပါးများတွင် ပါဝင်သည့် အကြောင်းအရာများထဲမှ "အမှန်တရားကိုသိသူ၊ အမှန်တရားကို မြတ်နိုးတန်ဖိုးထားသူ၊ အမှန်တရားကို ကိုယ်တိုင်ကျင့်သုံး၍ ဝမ်းမြောက်ဂုဏ်ယူရသူတို့သည် မတူကြကြောင်း၊ အပြစ်ကို အပြစ်၊ အမှားကိုအမှားဟု သိမြင်ဝန်ခံပြီး အမှန်တရားအတိုင်း လိုက်နာကျင့်သုံး သင့်ကြောင်း နှင့် ပျော်ရွှင်မှုကို မိမိကိုယ်တိုင်ရှာဖွေ၍ မိမိအတွက်ကို ဦးစားမပေးဘဲ သူတစ်ပါးအကျိုး၊ အများအကျိုး၊ လောကကောင်းကျိုးကို အဓိကထားစဥ်းစား လုပ်ဆောင်နေလျှင် ပျော်ရွှင်မှုက အလိုလို ရနေမည်ဖြစ်ကြောင်း"တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)