Pages

Pages

ပန်ဆိုင်း(ကြူကုတ်)မြို့ လူထုအခြေပြုဗဟိုဌာန (Communiity Centre)တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းဖြင့် စာဖတ်ဝိုင်းကျင်းပ




MNP ၊ မတ်  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Communiity စာရေးဆရာ Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းနှင့် ပူးပေါင်း၍ ယနေ့ နံနက် (၁၀)နာရီ အချိန်က သုတေသီဘုန်းမြင့်သွေး ရေးသားသည့် “မရှိမဖြစ်ဇွဲ”  စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


စာဖတ်ဝိုင်းတွင် ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဇင်မာဖြိုးက လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ရာတွင် စာပေဝါသနာပါသူ အချင်းချင်းမှ အသိပညာဗဟုသုတများ အပြန်အလှန်ဆွေးနွေးဖလှယ်စေခြင်း လူငယ်လူရွယ်များမှ ဆွေးနွေးတတ် သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားသည့် “မရှိမဖြစ်ဇွဲ” စာအုပ်တွင် “ထကြွလုံ့လဝီရီယ”အခန်းခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။


ဆက်လက်ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းဝင်များက “ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါ” ခေါင်းစဉ်ဖြင့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment