Pages

Pages

မိုးကောင်းမြို့ Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ



MNP ၊ မတ်  ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များက ဆရာဦးဝင်းတင်ရေးသားသည့် “ကိုယ်သာလျှင် ကိုယ့်ဘဝသခင်” စာအုပ်ဖြင့် ယနေ့ နံနက်(၉)နာရီခွဲတွင် ကျင်းပခဲ့သည်။


စာဖတ်ဝိုင်းတွင် အဖွဲ့ဝင် မနှင်းသီရိချိုက ကိုယ့်သဘောကိုယ်ဆောင်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မခင်ချိုမြင့်က ပကတိအသိဉာဏ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖြိုးရတနာထွန်းက ဆုံးဖြတ်ခြင်း အနုပညာဖြင့်လည်းကောင်း၊ မမြသင်းကြည်က ဖြစ်တည်မှုအနုပညာ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဖတ်ကြားကြသည်။


ယင်းနောက် အဆိုပါစာဖတ်ဝိုင်း ခေါင်းစဉ်များထဲမှ လူတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေး ထုတ်ဖော်ပြောဆိုခြင်း၊ ပကတိအသိဉာဏ်သဘောတရားများ၊ ကိုယ့်လုပ်အားဖြင့် ရပ်တည်နေရသူ၏ ပျော်ရွှင်မှု၊ ဆုံးဖြတ်နိုင်သည့် စွမ်းအားမရှိ လျှင် လူ၏အတွေးအိမ်မက်တို့သည် လေထဲတွင်လွင့်ပါး နေသည့်ရေငွေ့နှင့် တူသည် စသည့်အကြောင်းအရာများဖြင့် အပြန်အလှန်ဆွေးနွေးကြောင်း သိရသည်။


ထို့နောက် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြ အသိပညာ ပေး နံရံကပ်စာစောင်များကိုလည်း စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြောင်း သိရသည်။


သန်းလွင်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment