အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌နွေရာသီအခြေခံ PHYSICAL FITNESS DANCE သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌နွေရာသီအခြေခံ PHYSICAL FITNESS DANCE သင်တန်းဖွင့်လှစ်





MNP ၊ မတ်  ၁၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအခြေခံ PHYSICAL FITNESS DANCE သင်တန်းကို Community Centre ခန်းမ၌ မတ် ၁၅ ရက် နေ့လယ်အချိန်က ဖွင့်ပွဲ ကျင်းပခဲ့သည်။


ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ဝေက နေ့စဉ် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် ကျန်းမာရေးအကျိုးကျေးဇူးများကို သင်တန်းသူများအား ရှင်းလင်းပြောကြားပြီး အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက နွေရာသီအခြေခံ PHYSICAL FITNESS DANCE သင်တန်းဖွင့်လှစ်ရခြင်း၊ ပြပွဲပြခန်းများ၊ စာအုပ်စာစောင်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများဆောင် ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြည်သူစာကြည့်တိုက်သို့လာရောက်ပြီး စာပေဗဟုသုတများကို ဆည်းပူလေ့လာဖတ်ရှုနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ 


နွေရာသီအခြေခံ PHYSICAL FITNESS DANCE သင်တန်းကို သင်တန်းဆရာမ(၃)ဦးက ဦးဆောင်၍ (၅)ရက် ဖွင့်လှစ်သင်ကြား မည်ဖြစ်ပြီး လူငယ်များအား နွေရာသီအားလပ်ရက်တွင် ကျန်းမာပျော်ရွှင်ပြီး ဗဟုသုတတိုးပွားအားကစားသင်တန်းအပြင် စေရန်အတွက် ယခုကဲ့သို့  အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် ပြပွဲပြိုင်ပွဲများကို ဖွင့်လှစ်ပို့ချသင်ကြားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို မြို့ပေါ်ရပ်ကွက်အတွင်းမှ အားကစားစိတ်ပါဝင်စားသူ သင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ပြီး ကိုယ်လက်လှုပ်ရှားအားကစားနည်းများနှင့် PHYSICAL FITNESS DANCE ကကွက်နည်းများကို သင်တန်းဆရာမ(၃)ဦးက စနစ်တကျသင်ကြားပေးမည်ဖြစ် ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)