Pages

Pages

မိုင်းငေါ့မြို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်


MNP ၊ မတ်  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ကလေးလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီးနောက် ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးသူငယ်များအကြောင်းကို လည်းကောင်း ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်နှင်းဆီက ကလေးအလုပ်သမားပပျောက်ရေး ကြိုတင်ကာကွယ်တားဆီးရမည့် အချက်များကိုလည်းကောင်း ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရသည်။


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ရုံးအနေဖြင့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူရုပ်ခေါက်၊‌‌ ဆေးရောင်ခြယ်ခြင်းပြိုင်ပွဲများ ပြုလုပ်ပေးသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲ (Talk Show) စသည့်  အသိပညာ အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြင့်သွယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment