Pages

Pages

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ဆောင်ရွက်


MNP ၊ မတ် ၃၁

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့ နံနက် ၁၀ နာရီက  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ကိုဆောင်ရွက်ခဲ့သည်။


အဆိုပါအသိပညာပေး Talk Show တွင် ယာဉ်မောင်းများအနေဖြင့် ယာဉ်မောင်းလိုင်စင်ပါရှိရေး၊ မော်တော်ယာဉ်လိုင်စင်ကားနှင့်အတူထားရှိရေး၊  မော်တော်ယာဉ်များ ဖေါင်းကြွနံပတ်ပြားလဲလှယ်တပ်ဆင်ရေး၊ မောတော်ယာ်ဉ်များစနစ်တကျ ရပ်တန့်ရေးနှင့် ဆိုင်ကယ်စီးနင်းသူများအား မော်တော်ဆိုင်ကယ်ဥပဒေအရ နေ့‌ဖက် မောင်းနှင်ရာတွင် ရှေ့မီးအနိမ့်ဖွင့်မောင်းနှင်ရန်နှင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုး စနစ်တကျ တပ်ဆင်မောင်းနှင်ကြရေးတို့ကို  သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်နှင့် သံတွဲမြို့အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဉာဏ်မင်းကိုကို တို့က မောတော်ယာဉ်မောင်းနှင်သူများ ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ပြည်သူများ သိရှိနားလည်ပြီး ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေး ဆွေးနွေးပြောကြား ခဲ့သည်။

ထို့အပြင်   ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲ ၊ လူငယ်စကားဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment