Pages

Pages

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်


MNP ၊ မတ်  ၉

၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဉီးစွာ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃၊ ဒေါ်ဇင်မီမီထွန်းက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေရေး၊ စံပြုထိုက်သော အမျိုးသမီးများအား ဂုဏ်ပြုရေးနှင့် အမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းရေး စသည်တို့အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုအခြေအနေ၊ အကြမ်းဖက်ခံရမှု အမျိုးအစား၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ အမျိုးသမီးများအတွက် ဉပဒေနှင့် အမျိုးသမီးများအတွက် ကာကွယ်ဝန်ဆောင်မှု အကြောင်းအရာ အသေးစိတ်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 


အဆိုပါ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ (Talk Show)ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြည့်ရှုနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ဖွင့်လှစ်ထားသည့် We Love Mong Khoke Facebook Page တွင် လွှင့်တင်ပေးထားပြီး မည်သူမဆို ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။


ယဉ်ယဉ်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment