Pages

Pages

ခိုလမ်မြို့ရုံး၊ (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲကျင်းပ


MNP   -   မတ်   ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၉:၃၀)နာရီအချိန်က  ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲ၌ နွေရာသီကျောင်းပိတ်ရက်တွင် သားသားမီးမီးလေး‌တို့ စိတ်ပျော်ရွှင် ကြည်နူးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် ပြိုင်ဆိုင်လိုစိတ် မြင့်မားစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် သားငယ်၊ သမီးငယ်လေးများကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ပါဝင်ယှဉ်ပြိုင်ကြသည့် သားငယ်၊ သမီးငယ်လေးများကို မုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။


နေလင်းထွန်း 

 https://t.me/MyanmarNationalPost





No comments:

Post a Comment