Pages

Pages

မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယဥ်ကျေးမှုအစဉ်အလာကောင်းများ ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

 


MNP ၊ မတ်  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယဥ်ကျေးမှုအစဉ်အလာ ကောင်းများ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။


‌ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မင်းမင်းဇော်က လူ့အဖွဲ့အစည်းအတွင်းရှိ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများ ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက ယဉ်ကျေးမှုမပျက်စီးအောင် ထိန်းသိမ်းရေး စသည့်အကြောင်းအရာများ ဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ Woman Club အဖွဲ့ဝင်များ (၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။


သန်းလူ

https://t.me/MyanmarNationalPost




No comments:

Post a Comment