Pages

Pages

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ




MNP ၊ မတ်  ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန Community Centre ခန်းမ၌ ကျောင်းသား၊ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ရှည်များတွင် အချိန်ကိုအလဟသမကုန်ဆုံးစေဘဲ အကျိုးရှိစွာအသုံးချတတ်စေရန်၊ အများရှေ့တွင်ပြောရဲဆိုရဲပြီး စကား ပြောစွမ်းရည်ကောင်းလာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ချစ်ချစ်သန်းက ပြိုင်ပွဲပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ထားသည့် အမှတ်ပေး စည်းမျဉ်း၊ စည်းကမ်းများကို  ပြိုင်ပွဲဝင်သူများ သိရှိစေရန် ‌ရှင်းလင်းပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲ ကိုကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။ ထို့နောက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား  တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment