Pages

Pages

ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန community centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ




MNP ၊ မတ်  ၇

    ကျိန္တလီမြို့၌ စာရေးဆရာ ဖေမြင့်၏ “ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ” စာအုပ်ဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။


    ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းအားလပ်ချိန်များတွင် အသိပညာ    ဗဟုသုတများ ရရှိစေရန် စာအုပ်စာပေများဖတ်ရှုရန်လိုအပ်ကြောင်း၊ ယခုလိုတစ်ဦးနှင့်တစ်ဦးအသိပညာ


ဗဟုသုတများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်၊၊


    ဆက်လက်၍ မထက်ပြည့်ပြည့်ဖြိုးက “အားနာပါးနာခေါင်းမညိတ်ပါနှင့်” ခေါင်းစဉ်ပါ အကြောင်း အရာများကို လည်းကောင်း၊ မဆောင်းသဇင်မျိုးက “ပရိတ်သတ်ရှေ့မှာစကားပြောခြင်း”ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ မမေသက်ပုံက “ချီးမွန်းစကားလေးတစ်ခွန်း” ခေါင်းစဉ်ပါ          အ​ကြောင်းအရာများကို လည်းကောင်း၊  မယွန်းရွှေရည်လင်းက “အားပေးစကားဆိုနည်း” ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း ဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


 ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment