Pages

Pages

မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ


MNP ၊ မတ်  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌ပေချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့ညနေ (၃)နာရီ အချိန်က  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး Women Club အဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်ဝင်းရီက လူထုစိန်ဝင်းရေးသားသည့် မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာမရှိဘူး စာအုပ်ပါခေါင်းစဉ်တွင် ရိုးသားမှုကအရေးအကြီးဆုံး၊ အချိန်ဇယားနဲ့အလုပ်လုပ်တတ်ဖို့၊ အဖွဲ့ဝင် ဒေါ်မြင့်မြင့်စန်းက စာဖတ်ရင်စဉ်းစားစရာပါရမယ် စသည်တို့ကို‌ဆွေးနွေးကြသည်။


ဆက်လက်ပြီး Book Club အဖွဲ့မှအဖွဲ့ဝင်ဦးမာကုက ပြဿနာထဲမှာအဖြေရှိတယ်၊ အဖွဲ့ဝင် မဒီဘောလာက လူငယ်နဲ့ယုံကြည်မှု၊ အဖွဲ့ဝင်မ‌စောလှကပရဟိတ စိတ်ဓာတ်ဖွံ့ဖြိုးရေးစသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြားပြီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment