နှစ်ပတ်အတွင်း Donetsk တွင် ယူကရိန်းစစ်တပ်မှ ၇၀ ခန့် ရုရှားတပ်ဖွဲ့ဝင်များထံတွင် လက်နက်ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

နှစ်ပတ်အတွင်း Donetsk တွင် ယူကရိန်းစစ်တပ်မှ ၇၀ ခန့် ရုရှားတပ်ဖွဲ့ဝင်များထံတွင် လက်နက်ချ


Donetsk၊ မတ် ၂၆

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၇၀ ခန့်သည် Donetsk ပြည်သူ့သမ္မတနိုင်ငံ (DPR) နယ်မြေတွင် ပြီးခဲ့သော သီတင်းနှစ်ပတ်အတွင်း ရုရှားတပ်ဖွဲ့များထံ လက်နက်ချခဲ့ကြောင်း ဒေသလုံခြုံရေးအေဂျင်စီမှ အရာရှိတစ်ဦးက TASS သို့ ပြောကြားခဲ့သည်။

"လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ယူကရိန်းစစ်သား ၇၀ လောက် လက်နက်ချခဲ့ပါတယ်။ အများစုဟာ သူတို့ရဲ့ အသက်ကို ကယ်တင်လိုတဲ့ ဆန္ဒအရ လက်နက်ချခဲ့ပါတယ်" ဟု သတင်းရင်းမြစ်က ဆိုသည်။

အချက်အလက်များအရ ၎င်းတို့အများစုမှာ Avdeyevka၊ Donetsk နှင့် Ugledar စစ်မျက်နှာများတွင် စစ်ရေးတိုက်ပွဲများဝင်နေရသူများဖြစ်သည်။


Ref - Tass

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)