Pages

Pages

ရမ်းဗြဲမြို့၌ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် Good Aquaculture Practices (GAqP) သင်တန်း အမှတ်စဉ် - ၁/၂၀၂၃ သင်တန်း ဖွင့်ပွဲကျင်းပ





MNP ၊ မတ် ၂၉

ရခိုင်ပြည်နယ်၊  ရမ်းဗြဲမြို့၌  ငါး ပုစွန် မွေးမြူရေးလုပ်ငန်းကို   လုပ်ကိုင်ကိုင်လျက်ရှိကြသော  ရေလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာအဆင့်မီ ထုတ်လုပ်လာနိုင်စေရေးနှင့်သား ငါး ပုစွန်များကို နိုင်ငံအဆင့်နှင့် နိုင်ငံတကာ အစားအစာများဘေးအန္တရာယ်ကင်းစင်မှု  စံချိန်စံညွှန်းများနှင့်အညီ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေဘဲ  မွေးမြူထုတ်လုပ်တတ်စေရန်ရည်ရွယ်လျက်  မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင်စဉ် (GAqP)သင်တန်း ၁/၂၀၂၃၊ ဖွင့်ပွဲကို  ယနေ့ နံနက် ၉  နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပကြသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊  ငါး ပုစွန်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြသောလုပ်ငန်းရှင် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ ရှေ့ဦးစွာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းမှ သင်တန်းနှင့်ပတ်သက်၍   အဖွင့်အမှာစကားပြောကြားသည်။  


    ယင်းနောက် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ပေးကြသည်။ သင်တန်းကို ကျောက်ဖြူခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန၊ သားပေါက်စခန်းမှ စခန်းတာဝန်ခံ ဦးရွှေကျော်အောင် ဦးဆောင်ပြီး သင်တန်းဆရာ (၄ )ဦးမှ ပို့ချသင်ကြားကြမည်ဖြစ်ပြီး သင်တန်းသား (၂၀)ဦး တက်ရောက်ကြမည်ဖြစ်သည်။


သင်တန်းကာလမှာ   (၂၉-၃-၂၀၂၃) ရက်နေ့  မှ   (၃၀-၃-၂၀၂၃) ရက်နေ့ထိ  (၂)  ရက်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။


အောင်နိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment