Pages

Pages

လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုပြီးစီး




MNP  -   မတ် ၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အဋ္ဌမတန်း (Grade- 9) နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်က စတင်ဖြေဆိုခဲ့သည်။


လယ်ဝေးမြို့တွင် အခြေခံပညာကျောင်းပေါင်း (၂၆၄) ကျောင်းရှိရာ တိုင်းစစ်Grade-9 ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာကျောင်း (၇၅) ကျောင်းတွင် ယနေ့နံနက်ပိုင်းက အထွေထွေသိပ္ပံဘာသာရပ်အား အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။


ကျောင်းသား၊ ​ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ် ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအကျိုး တော်ဆောင်များနှင့် ကျောင်းသားမိဘများက လုံခြုံရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဝေကြည်

 https://t.me/MyanmarNationalPost




No comments:

Post a Comment