Pages

Pages

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)တွင် အလယ်တန်းအဆင့် အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းဖွင့်လှစ်



MNP   -   မတ်   ၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အကျိုးရှိစေမည့် ကာယ၊ ဉာဏဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ အလယ်တန်း အဆင့် အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပ ခဲ့သည်။


အဆိုပါ သင်တန်းတွင် နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားရာတွင် “လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတတိုးပွားစေရန် လူငယ်များအတွက် အကျိုးရှိစေမည့် သင်တန်း များ၊ ဟောပြောဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက် ရှိပါကြောင်း၊ ယခုသင်တန်းသည် လည်း နွေရာသီကျောင်းပိတ်ကာလတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အင်္ဂလိပ်စာအခြေခံ ပိုမိုတိုးတက်ကောင်းမွန် လာစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အလယ်တန်းအဆင့် အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းအား မတ်လ(၁)ရက်နေ့မှ (၃၁)ရက် နေ့အထိ အပတ်စဉ် (ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ) နေ့တိုင်း နံနက်(၉)နာရီမှ (၁၁) နာရီအထိ သင်တန်းသား(၃၀)ဦးဖြင့် (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းနည်းပြအဖြစ် အခြေခံပညာဦးစီးဌာန၊  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ အင်္ဂလိပ်စာ ဆရာမ ဒေါ်ညိုမီလှိုင်က သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost




No comments:

Post a Comment