Pages

Pages

ကျိုက်ထိုမြို့နယ်၌ နွေရာသီ အင်္ဂလိပ်စာ Grammar ရေးသားနည်း သင်တန်း ဖွင့်လှစ်






MNP ၊ မတ်  ၁၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် မတ် (၁၆)ရက် ၊ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ‌ နွေရာသီအင်္ဂလိပ်စာ Grammar ရေးသားနည်း သင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။


    သင်တန်းဖွင့်ပွဲတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်များ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုးရှိစွာအသုံးချပြီး အားကစားဖြင့် ကာယဉာဏ စွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အနာဂတ်၌နိုင်ငံ့သားကောင်းများဖြစ်လာစေရေး အမှာစကားပြောကြားသည်။


       ယင်းနောက် အထက(၁)မှ အထက် တန်းပြဆရာမ ဒေါ်စန္ဒာသိန်းက  Grammar အခြေခံ မှ Eight Parts Of Speech (Noun /Pronoun /Adjective/ Verb /Adverb /Preposition /Connection/  Interjection ) စကားအင်္ဂါ(၈)ပါးမှ တစ်ခုချင်းစီ၏Examples များဖြင့် ဖော်ထုတ် မေးမြန်းခြင်း၊ရေးခိုင်းခြင်း၊Eight Parts Of Speech ထဲမှ Verb Form ၊Tenses  များအသုံးပြုပုံ များကို အကျယ်တဝင့် စနစ် တကျ အခမဲ့သင်ကြားပေးသွားမည်ဖြစ်သည်။


        အဆိုပါသင်တန်းသို့ ကျောင်းသား ကျောင်းသူ လူငယ် (၂၃)ဦးတို့တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ်လ(၁၆)ရက်နေ့မှ (၁၉ )ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment