Mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်း - Myanmar National Post

Myanmar National Post

News Agency

Breaking

Mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်း


MNP ၊ မတ်  ၁၅

ဒေသခံပြည်သူများနှင့် လူငယ်၊ လူရွယ်များကို အသိပညာဗဟုသုတများ တိုးတက်မြင့်မားရေး၊ စာဖတ်ရှိန်မြှင့်မားရေးနှင့် စာအုပ်၊ စာစောင်များနှင့် ပိုမိုရင်းနှီးမှု ရှိစေရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက mobile library စနစ်ဖြင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးသင်တန်းကျောင်းသို့ ယမန်နေ့နံနက် (၁၁)နာရီအချိန်တွင်သွားရောက်၍ နယ်လှည့်ကွင်းဆင်းပြီး စာအုပ်၊ စာစောင်နှင့် သုတရသစာပေများကို အခမဲ့ငှားရမ်း ပေးခဲ့ပါသည်။


ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ဦးမှ ဒေသခံပြည်သူများဆီသို့ လက်ဝယ်အရောက် mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်၊ လူရွယ်များကို အားလပ်ချိန်၌ အချိန်ကို အကျိုးရှိစွာအသုံးချပြီး အသိပညာဗဟုသုတ တိုးတက်လာစေရေးနှင့် လူလောကပေါင်းသင်းဆက်ဆံ ရေးကောင်းမွန်စေရန် စာဖတ်သင့်ကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး စာရေးဆရာ မြသန်းတင့် ရေးသားထားသော “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” ဝတ္ထတိုကို စာအုပ်၊ စာစောင်သွားရောက် ငှားရမ်းသည့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးသင်တန်းကျောင်းမှ သင်တန်းသူလေးများကို အတုယူဖွယ်၊ ဗဟုသုတဖြစ်ဖွယ် ထပ်ဆင့်မျှဝေ ပြောကြားခဲ့ပါသည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၎င်းတို့ယူဆောင်လာသော စာအုပ်စာစောင်၊ သုတရသ၊ ဝတ္ထတိုများနှင့် မဂ္ဂဇင်းများကို သင်တန်းသူများက မိမိတို့ကြိုက်နှစ်သက်ရာကို အခမဲ့ငှားရမ်းစေခဲ့ပြီး စာအုပ်အပ်ရက်ကို (၃)ရက်သတ်မှတ်ထားသော်လည်း အားလပ်ချိန်တွင် အေးအေးဆေးဆေး စိတ်အပန်းပြေဖတ်ရှုနိုင်စေရန် စာအုပ်အပ်ရက်ကို တိုးမြှင့်ငှားရမ်းပေးထားကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)