ဒေသခံပြည်သူများ ဗဟုသုတတိုးတက်မြင့်မားရေးအတွက် mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေသခံပြည်သူများ ဗဟုသုတတိုးတက်မြင့်မားရေးအတွက် mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်း


MNP ၊ မတ်  ၁၈

နွေဦးပွင့်လင်းရာသီတွင် လူငယ်၊ လူရွယ်များနှင့် ဒေသခံပြည်သူများ အချိန်ကို အကျိုးရှိစွာအသုံးချပြီး စာအုပ်၊ စာစောင်များ လေ့လာဖတ်ရှုနိုင်ရန်၊ စာဖတ်ရှိန် တိုးတက်မြင့်မားလာစေရန်နှင့် အသိပညာ ဗဟုသုတ တိုးတက်မြင့်မားလာစေရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုး မြို့တွင် ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က မြို့အတွင်းရှိရပ်ကွက်များနှင့် ကျေးရွာများသို့ နယ်လှည့် ကွင်းဆင်းပြီး စာအုပ်၊ စာစောင်နှင့် သုတရသစာပေများကို အခမဲ့ငှားရမ်းပေးခဲ့ပါသည်။


အဆိုပါ စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးရာတွင် မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မာမာအောင် ဦးဆောင်၍ ဌာနဝန်ထမ်းများဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံမိဘပြည်သူများ၊ လူငယ်လူရွယ်များနှင့် ကလေးသူငယ်များကို အားလပ်ချိန်တွင် စာအုပ်၊ စာစောင်များ စိတ်အပန်းဖြေ လေ့လာဖတ်ရှုနိုင်ရန်၊ စာအုပ်စာပေနှင့် ထိတွေ့ရင်းနှီးမှု ပိုမိုတိုးပွားလာစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ တိုးတက်မြင့်မားစေသည့်အပြင် လူ့လောက ပေါင်းသင်းဆက်ဆံရေးနှင့် စီးပွားရေး ဆက်ဆံမှုများ ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် ယခုကဲ့သို့ နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးရခြင်းဖြစ်သည်။ ထို့အတူ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံပြည်သူ စာဖတ် ဝါသနာရှင်များကို ယူဆောင်လာသော စာအုပ်စာစောင်၊ သုတရသ၊ ဝတ္ထုတိုများနှင့် မဂ္ဂဇင်းများကို မိမိတို့ ကြိုက်နှစ်သက်ရာကို ငှားရမ်းစေခဲ့ပြီး စာအုပ်အပ်ရက်ကို (၃)ရက်သတ်မှတ်ထားသော်လည်း ဒေသခံပြည်သူများ စားဝတ်နေရေးလုပ်ငန်းများပြီးဆုံးမှ အားလပ်ချိန်တွင် ဖတ်ရှုရ၍ စာအုပ်အပ်ရက်ကို တိုးမြှင့်ငှားရမ်းပေးထားလျက်ရှိပြီး မန့်ဟီးရိုးမြို့၊ ပြည်သူ့စာကြည့်တိုက်သို့ ဖတ်ရှုလေ့လာချင်သည့် စာအုပ်စာစောင်များကို အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်းလည်း  စာငှားဒေသခံပြည်သူများကို အသိပေး ပြောကြားခဲ့ပါသည်။


မာမာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)